အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင်(၅၀)ဆံ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
Jan 27,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံးတွင် ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် RCC(၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေကြောင်း သိရှိရသည်။
Jan 27,2021
တောင်တွင်းကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နေ့လယ် (၁)နာရီက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 27,2021
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 27,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အစည်းအဝေး ခန်းမဆောင်တွင် ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီအချိန်၌ ကျင်းပ သည်။
Jan 27,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေး အဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင် (၅) ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မကျေးရွာအုပ်စုတွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်း ပြုလုပ်ခဲ့သည်။
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးခြင်းအား မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ နံနက် ၁၀ နာရီက စတင်၍ ထိုးပေးခဲ့သည်။