အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်မှ စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံ ပေးကြောင်း သိရသည်။
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက စတင်၍ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း၊ တိုင်းရင်း​ဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်းနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း ၁၆၈ ဦးတို့အား မြို့နယ်ပြည်သူ့​ဆေးရုံ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့​ကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ ဇီဝိတဒါနသံဃာ့ဆောင်တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
Jan 28,2021
ကျေးလက်နေပြည်သူများ ဘိန်းစိုက်ပျိုးမှုပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနားလည်လာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်းတွံကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ယနေ့ညနေ (၅)နာရီအချိန်ကရောက်ရှိကြောင်း သိရသည်။