အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံးမှ တာဝန်ရှိ သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ပူးပေါင်း၍ ပြည်ခြားကျေးရွာ အုပ်စုတွင်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင် ရန်နှင့် သဘာဝဘေးအန္တရာယ်များ အကြောင်းသိရှိ စေရန်အသံချဲ့စက်ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
Jan 26,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဆယ်အိမ်မှူး အသစ်ရွေးချယ်ခြင်းကို ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ နည်းဥပဒေ များနှင့်အညီ ၂၀၂၁ ခုနှစ် မတ်အတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
Jan 26,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မကျေးရွာအုပ်စု ဆိုလျားကူးကျေးရွာ၌ ဖွင့်လှစ်သည်။
Jan 26,2021
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် တိုင်းရင်းဆေးနှင့် အိမ်သုံးဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များ တွင် မှတ်ပုံတင်ထားခြင်း မရှိသော တရုတ်တိုင်းရင်းဆေး Lianhua qingwen Jiaonang ရောင်းချ ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jan 26,2021
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဏာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၂.၈၀၀)ကျပ်သန်းဖြင့်ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ ဗေဒါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်းပေအရှည် (၅၅၀)ပေ၊ အကျယ် (၁၂)ပေ၊ (၆)လက်မထု ရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကျွဲ၊ နွား မေထုန်မဲ့ သားစပ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသည်။
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စင်္ကာပူနိုင်ငံတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ် ကျေးရွာအုပ်စုများ အတွင်းရှိ လယ်ယာမြေများပေါ်တွင် စက်မှုဥယျာဉ်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေး ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်က ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။