အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2021
တနင်္သာရီတိုင်း​ဒေသကြီး၊ထားဝယ်ခရိုင်၊ ​မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိအသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁)နာရီအချိန်က အိမ်တိုင် ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရ ရပ်ကွက်အတွင်းရှိ ပျက်စီးနေသော လမ်းမီးတိုင်များ အား အသစ်လဲလှယ် ပေးခြင်း၊ အန္တရာယ်ရှိနိုင်သော ကွန်ကရစ် မီးတိုင်များအား ဆွဲနှုတ်ခြင်း လျော့တွဲကျနေသော ဓာတ်လိုင်း ကြိုးများအား သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အတွက် ဓာတ်လိုင်းကြိုး ဟောင်းများအား ရှင်းလင်းခြင်း များကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
Jan 26,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ( RCC) သုံးထပ် အဆောက်အအုံ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက်နေ သူ(၉၅)ဦး နှင့် အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ(၂)ဦးတို့အား၊ ဇန်နဝါရီ(၂၄)ရက်နေ့ Swab နမူနာယူ၍ ပြည်သူ့ကျန်း မာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ အနံ့မရသူ(၂)ဦးအပါအဝင် (၁၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
Jan 26,2021
မကွေးတိုင်းဒေသကြီးမှာ ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၄၁)ဦး ထပ်တိုးတွေ့ရှိ ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြု လူနာပေါင်းက (၃၂၃၈) ဦးထိ ရှိလာကြောင်း သိရသည်။
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward တွင်ထားရှိသည့် ကိုဗစ်-၁၉အတည်ပြုသံဃာတော်နှစ်ပါး ရောဂါသက်သာပျောက်ကင်း၍ ယနေ့ နေ့လည်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။