Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေ
Jan 22,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေ လွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုး တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းအား ရှင်းလင်း
Jan 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ ရွှေဘုန်းမြင့်ကျောင်းတိုက် အတွင်း၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် PPE ဝတ်စုံ ၂၀ စုံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
Jan 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဟိုပင်မြို့ တိုက်နယ်ကျန်းမာရေးဌာနသို့ PPE ဝတ်စုံ ၂၀ စုံနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က HARP-F နှင့် လွယ်ယန်ဘွမ် လူထုဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်း၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး( Talk Show )ဆွေးနွေးပွဲ ပြုလုပ်
Jan 22,2021
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show )ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ (၃) ရက်တာ သင်တန်းဖွင့်လှစ်
Jan 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့တွင် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ (၃) ရက်တာ သင်တန်းကို ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့ နံနက်က ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့ မဲကုလားကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရန်အတွက် ပြည်သူများအား အသိပညာပေးရှင်းလင်းပွဲပြုလုပ်
Jan 22,2021
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ မဲကုလားကျေးရွာအုပ်စု၊ ဝါးမီးထကျေးရွာ ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း နှင့် ပတ်သက်ပြီး ပြည်သူများအား အသိပညာပေးရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ ထောက်ပံ့သည့် COVID ကာကွယ်ဆေးများ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ
Jan 22,2021
အိန္ဒိယအစိုးရကမြန်မာနိုင်ငံသို့ထောက်ပံ့သည့် Serum Institute of India (SII) မှထုတ်လုပ်သော COVID ကာကွယ်ဆေး ၁ ဒသမ ၅ သန်း သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် Air India (A1 1234) လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပထမဦးဆုံး ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar နှင့် တာဝန်ရှိသူများက
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်တွေ့သရုပ်ပြသခြင်းများ ဆောင…
Jan 22,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင် မီးလောင်မှုဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကေသီဦး စက်သုံးဆီအရာင်းဆိုင်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25401
Page
25402
Page
25403
Page
25404
Current page
25405
Page
25406
Page
25407
Page
25408
Page
25409
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department