Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်း
Jan 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယမန်နေ့နံနက် (၁၁:၀၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ အသွားအလာကန့်သတ်ထားသူများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေး
Jan 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ က ကိုဗစ်-၁၉ အတည်ပြုလူနာ လေးဦးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ ရေကျော်တံတားများ ကွန်ကရစ်ခင်းခြင်းအား ကွင်းဆင်းစစ်ဆေး
Jan 19,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် မိုင်းစံမြို့နှင့် မိုင်းရှူးမြို့သွား လမ်းမပေါ်ရှိ ပန်ခံရေကျော်တံတားနှင့် ပန်ငရေကျော်တံတား နှစ်စင်း တို့အား ရေစီးရေလာကောင်းမွန်စေရန်အတွက် ပြင်ဆင်ထိန်းသိမ်းရန် (၂၀၂၀ -၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၃၀၀) ဖြင့် အရှည်ပေ (၁၅၀)၊ အကျယ် (၂၇)ပေ၊ ထု(၆) လက်မရှိ ကွန်ကရစ်ရေကျော်တံတာနှစ်စင်းအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား မိုင်းစံမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးတင်မျိုးညွန့်က အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြော
Jan 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ဟွေဖကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများနှင့် အမှတ်(၁)ရပ်ကွက်တို့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန ပူးပေါင်း၍ ပြည်သူများ မီးဘေး အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ကိုဗစ်-၁၉ ရောဂါကူးဆက်မှုဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအား On Line အစီအစဉ်ဖြင့်
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် Swab နမူနာယူစစ်ဆေးရာမှ အနံ့မရသဖြင့် ဆေးရုံတက်ရောက်နေသူ(၁)ဦး အပါအဝင် (၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် Swab စစ်ဆေးရန်ကျန်ရှိသူ (၄၉)ဦးနှင့် မြို့နယ်ပြည် သူ့ဆေးရုံတွင် အနံ့မရရှိသဖြင့် တက်ရောက်ကုသနေသူ(၁)ဦး ပေါင်း(၅၀)ဦး တို့အား၊ Swab နမူနာရယူ၍ ဇန်နဝါရီ(၁၈)ရက် နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဌာန(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ အနံမရရှိသူ(၁)ဦး အပါအဝင် (၅)ဦးတွင် ကိုဗစ် -၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့်အသက်(၁၀၀)အထက် သက်ကြီးဘိုး/ဘွား များအား ထောက်ပံ့ငွေများပေးအပ်
Jan 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက်နှင့် အသက်(၁၀၀) အထက် သက်ကြီးဘိုး/ဘွား(၆၃)ဦးအတွက် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ငွေများအား ရပ်ကွက်/ ကျေးရွာအသီးသီးရှိဘိုး/ ဘွားများအား ပေးအပ်နိုင်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ယမန်နေ့ နံနက်(၁၁)နာရီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းပြုလုပ်
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အောင်ဇေယျ လမ်းတစ် လျှောက်တွင် ရေစီးရေလာ ကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25462
Page
25463
Page
25464
Page
25465
Current page
25466
Page
25467
Page
25468
Page
25469
Page
25470
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department