Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စုကလိမြို့၌ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်သွင်းမည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 19,2021
ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေရန်နှင့် မြို့၏အင်္ဂါရပ်များနှင့်အညီဖွံ့ဖြိုး တိုးတက်စေရန် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ ငွေလုံးငွေရင်းဖြင့် ပြုလုပ်မည့်လုပ်ငန်းများအား အဆိုပြုတင်သွင်းနိုင်ရန် နယ်မြေကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်ကစုကလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ကြေး ပေးအပ်
Jan 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ လူမှုရေး ပင်စင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နေလည် (၁၂:၀၀)နာရီအချိန်က မက်မန်းမြို့ပေါ် နှစ်ရပ်ကွက်ရှိ ဘိုးဘွားများအား ကွင်းဆင်းထောက်ပံ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jan 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးစွာ လည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ငါးပင်(တ)ကျေးရွာ “သုတပဒေသာ” စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း ဆောင်ရွက်
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ကုန်ဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ် ပေါက်တောကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ကြာအင်းကျေးရွာအုပ်စု ပေါက်တောကျေးရွာတွင် နိုင်ငံတော်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်သိန်း၇၀၀ဖြင့် ဟံသာမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ကျေးလက်ကျန်းမာရေးဌာနခွဲ RCH နှစ်လုံးတွဲ အဆောက်အဦသစ် ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ယင်းအဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်လုံကျေးရွာအုပ်စု၌ ကျေးရွာဖွံ့ဖြိုးမှုစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နောင်လုံကျေးရွာအုပ်စု၌ စီမံကိန်းလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်
Jan 18,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာတွင် ယမန်နေညနေ၄နာရီက ကျေးရွာနေ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Jan 18,2021
ညောင်လေးပင်မြို့နယ် ဖအောင်းကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25470
Page
25471
Page
25472
Page
25473
Current page
25474
Page
25475
Page
25476
Page
25477
Page
25478
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department