Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လောင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်
Jan 19,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတကာ ထောက်ပံ့မှုအကူအညီ (တရုတ်) အစီအစဉ်ဖြင့် ဆောင်ရွက်ရန် လျာထားသော ဝါးတောသာ-ကျွဲသေ-ကြိုးကြာကန်-ကညမ်းလမ်းအား ကြည့်ရှုစစ်ဆေး
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ အင်ဂျင် နီယာချုပ် ဒေါက်တာထွန်းမြင့်အောင်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးပြည့်ဖြိုးမောင်၊ ညွှန်ကြားရေးမှူး ဦးရဲခေါင်ထွန်းနှင့် အဖွဲ့သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းရှိ နိုင်ငံတကာထောက်ပံ့မှု အကူ အညီ(တရုတ်) အစီအစဉ်ဖြင့် ဆောင်ရွက်ရန် လျာထားသော ဝါးတောသာ-ကျွဲသေ-ကြိုးကြာကန်-ကညမ်းလမ်းအား
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Jan 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ် ပိုမို ကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှု အပေါ် လုံလုံလောက် လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ လေးထောင့် ကန်လမ်းမကြီးတစ်လျှောက် 33KVA ဓာတ်အား လိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေ့ရောညပါ တာဝန်ထမ်းဆောင်နေကြသော မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဝန်ထမ်းများအား လက်ဖက်ရည်ထုပ်များ လှူဒါန်း
Jan 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် နေ့တာဝန် ညတာဝန်ထမ်းဆောင်နေ ကြသော သန့်ရှင်းရေးဝန်ထမ်းများအား ယနေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်ကြီးမှ လာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြုပြင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး
Jan 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ကျေးရွာ ချင်းဆက် လမ်းပိုင်းများ ပြုပြင် ဆောင်ရွက် နိုင်ရန် စုံတော်ကျေးရွာအုပ်စုနှင့် ပင့်စင်တဲကျေးရွာ အုပ်စုတို့တွင် လမ်းအူကြောင်းရှာဖွေခြင်းလုပ်ငန်းအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်၌ ငါးကြင်းဖြူနှင့် ပုဇွန်များအား သက်သာသော နှုန်းထားဖြင့် (တတိယအကြိမ်) ဖြန့်ဖြူးရောင်းချပေး
Jan 19,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ဈေးနှုန်းသက်သက်သာစွာဖြင့် ငါးကြင်းဖြူနှင့် ပုဇွန်များအား ဝယ်ယူစားသုံး နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ (တတိယအကြိမ်) ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် လှည်းတန်းစျေး၊ လမ်းသွားလမ်းလာ ပြည်သူများအား…
Jan 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် လမ်းသွား လမ်းလာ ပြည်သူများ၊ လှည်းတန်းစျေး၊ ပေ(၅၀)လမ်းရှိ စျေးရောင်း စျေးဝယ်သူများအား Mask စနစ်တကျ တပ်ဆင်စေရေးအတွက် Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွ…
Jan 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25484
Page
25485
Page
25486
Page
25487
Current page
25488
Page
25489
Page
25490
Page
25491
Page
25492
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department