Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် စေတနာ့ဝန်ထမ်းတစ်ဦးကို ကျန်းမာရေးအာမခံကြေး ထောက်ပံ့ပေးအပ်
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် စေတနာ့ ဝန်ထမ်းတစ်ဦးကို ကျန်းမာရေး အာမခံကြေး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သုံးစွဲရန်မသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရေးအတွက် ရောင်းချလျက်ရှိသည့်အခြေခံ စားသောက်ကုန်များ ကုန်စျေးနှုန်းတိုးမြှင့် ရောင်းချခြင်းမပြုရန်အတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိစားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးခြင်း အခမ်း အနားကျင်းပ
Jan 20,2021
မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရေးမြို့နယ် မဲဆန္ဒနယ် မြေအမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း၊ ရေးမြို့ နယ် မဲဆန္ဒနယ်မြေအမှတ် (၇) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဧယျာမင်းဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၄၄) အုပ်စုမှ အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းနှင့် လူစည်ကားရာဈေးများတွင် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှုဆောင်ရွက်
Jan 20,2021
သဘာဝဘေးအန္တရာယ် ကျရောက်မှုအား ဘက်ပေါင်းစုံ စီမံခန့်ခွဲရေး သုတေသနစီမံကိန်း၏ ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်၌ လူအများစည်းကားရာ နေရာများဖြစ်သော ဒလသင်္ဘောဆိပ်ကမ်း၊ နာရီစင်၊ ကမာကဆစ် ဈေး၊ ဒလမြို့မဈေးတို့တွင် ခရီးသွား မိဘပြည်သူ များနှင့် ဈေးရောင်း၊ ဈေးဝယ်ကြသော ပြည်သူများအား ပါးစပ် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးအတွက် Stop Covid-19 အဝါရောင်ကမ်ပိန်း လူထုလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူ၌ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) များ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စကု) မြို့နယ်တွင် မြေပဲနှင့်ပြောင်းဖူးပင်များ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Jan 20,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဆားပွက်ချောင်းအတွင်း မြေပဲနှင့် ပြောင်းဖူးပင်များ ရောစပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဆားပွက်ချောင်းအတွင်း သီးနှံစိုက်ပျိုးသူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အဝါရောင် Campaign ဆောင်ရွက်
Jan 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါ ကုဆေးရုံကြီးတွင် ယမန်နေ့နံနက်က ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင် ဦးဆောင်၍ သမားတော်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး အဝါရောင် Campaign လှုပ်ရှားမှုအဖြစ် ဆေးရုံတက် လူနာများ၊ လူနာစောင့်များ၊
အပြည့်အစုံ ဖတ်ရန်
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နို…
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ စောတောင်ရပ်ကွက်၊ အလုံခန်းမတွင် ယမန်နေ့ညနေ (၅:၂၀) နာရီအချိန်က ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အားပြည်သူများသိရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25495
Page
25496
Page
25497
Page
25498
Current page
25499
Page
25500
Page
25501
Page
25502
Page
25503
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department