Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ဥက္ကလာပမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 03,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လက်ကမ်းစာစောင်များအား ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ နန္ဒဝန်ဈေး၊ YBS ကားဂိတ်များနှင့် လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 03,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ တောင်ဥက္ကလာပမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းအချိန်က "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်
Dec 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေး မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးပါဝင်သည့် အဖွဲ့များဖွဲ့စည်းပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ကောက်ယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတတက္ကသိုလ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်း လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲ အခမ်းအနားကျင်းပ
Dec 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ
Dec 03,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြိူ့သစ် (တောင်ပိုင်း)မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်းဆေးကုသခြင်း ဆော…
Dec 03,2025
ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွှေကြို့မြေ ဘိုးဘွားရိပ်သာတွင် (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်းဆေးကုသခြင်းကို မြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၃ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေး (Door to Door) စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှု ကွင်းဆင်းစစ်ဆေး
Dec 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းများမှန်ကန်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာ ဌာနအလိုက်အဖွဲ့များခွဲကာ မြေပြင်လူဦးရေစာရင်းနှင့် မဲစာရင်းများအား တစ်အိမ်ဝင်တစ်အိမ် ထွက် (Doot to Door) စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးမှုအား ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင် စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
252
Page
253
Page
254
Page
255
Current page
256
Page
257
Page
258
Page
259
Page
260
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department