Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဓနုဖြူမြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဆွေးနွေး
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စက်များသို့ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူး ရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်၌ ခရမ်းသီးပင်များ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေ
Jan 20,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာတွင်၊ ခရမ်းသီး ပင်များ စိုက်ပျိုးကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ နံနက်(၈)နာရီအချိန်က အောင်ဆန်းဈေးနှင့် ဖော့ကန်ဈေးတို့တွင် တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အမှတ် (၁) ရပ်ကွက် စံပြ (၂) လမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း…
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၈၈) သိန်း ၄ သောင်းဖြင့် ဆောင်ရွက်ခဲ့သော အမှတ် (၁) ရပ်ကွက်၊ စံပြ (၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးတွင် စားသုံးရန်မသင့်သော အစားအသောက် အမှတ် တံဆိပ်များ ဈေးကွက်လက်ကျန် မရှိစေရေး ကွင်းဆင်းစစ်ဆေး
Jan 20,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးဈေးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်များ ဈေးကွက်လက်ကျန်မရှိစေရေး ယမန်နေ့နံနက် (၁၁) နာရီအချိန် ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ် အထိ ကျေးလက်ဒေသအားလုံး သန့်ရှင်းသည့်သောက်သုံးရေရရှိရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်
Jan 20,2021
ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာ နစ် အထိ ကျေးလက်ဒေသအားလုံး သန့်ရှင်းသည့်သောက်သုံးရေရရှိရန်အတွက် ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးပြည်နယ်များ၌ မြို့နယ် ၁၇ ခုတွင် ကျေးလက်ရေရရှိရေး ၁၀ နှစ် စီမံကိန်းကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်နိုင်ရေး Mask Campaign ပြုလုပ်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask campaign ကို ယနေ့ နံနက် (၉)နာရီ အချိန်က မန့်ဟီးရိုးမြို့ ဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေများ ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပညာသင်ယူနေကြသည့် ကျောင်းသား/သူများ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် စာအုပ်၊ စာပေဖတ်ရှုလိုသော ဒေသခံတိုင်းရင်းသားပြည်သူလူထုများ စာအုပ်၊ စာပေကောင်းများ လွယ်ကူ ချောမွေ့စွာ ရွေးချယ်ဖတ်ရှုနိုင်ရန်အတွက် “ပညာအလင်း” စာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်ခန့် က ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ မုံးကိုးမြို့၊ အခြေခံပညာအထက်ကျောင်း၌ ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25502
Page
25503
Page
25504
Page
25505
Current page
25506
Page
25507
Page
25508
Page
25509
Page
25510
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department