Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ကြီးမြို့နယ်တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်း…
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ စာသင် ကျောင်းများ၊ ဓမ္မာရုံများနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်းရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ် ဝေခူးကျေးရွာ၌ ကျေးရွာခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 19,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာခန်းမဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်တွင် ဝေခူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေများနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များရှင…
Jan 19,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင်ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်း ဥပဒေများနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိဧသီဒါခန်းမတွင်ကျင်းပရာ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်တာဝန်ပေး နိုင်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပဲပုတ်ကျေးရွာ စိုက်ပျိုး ရေးဆိုင်ရာ လူထုအခြေပြုစခန်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန (တောင်ကြီးမြို့)မှ တီဘီရောဂါနှင့် အခြားရောဂါများအား ရှာဖွေစစ်ဆေး
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေး ဌာန (တောင်ကြီးမြို့)မှ တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့မှ ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ မွေတော်ပရိယတ္တိဘုန်းတော်ကြီးကျောင်းအတွင်း၌ တီဘီရောဂါ၊ အရေပြားရောဂါ အမျိုးမျိုးနှင့် အခြားရောဂါများအား ရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မ၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ကျေးရွာများ အရောက် အသိပညာပေး
Jan 19,2021
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား တာဝန်ရှိသူများက ယမန်နေ့က ကျုံမငေး၊ ပိတ္တာလေးစသည့် ရပ်ကွက်၊ ကျေးရွာများ အရောက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့ သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ ဟွေအောကျေးရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Jan 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ဟွေအောကျေးရွာ အုပ်စုအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးလက်နေ ပြည်သူများ၏ ဆန္ဒသဘောထားသိရှိနိုင်ရန် ရည်ရွယ်၍ မြေပြင်ကွင်း ဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း က အဆိုပါကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူး
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ် စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် သစ်ချဆိပ်ကျေးရွာ၌ ဆောင်ရွက်နေသည့် ၄ လက်မ စက်ရေတွင်း (တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25534
Page
25535
Page
25536
Page
25537
Current page
25538
Page
25539
Page
25540
Page
25541
Page
25542
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department