Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်တာဝန်ပေး နိုင်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပဲပုတ်ကျေးရွာ စိုက်ပျိုး ရေးဆိုင်ရာ လူထုအခြေပြုစခန်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန (တောင်ကြီးမြို့)မှ တီဘီရောဂါနှင့် အခြားရောဂါများအား ရှာဖွေစစ်ဆေး
Jan 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေး ဌာန (တောင်ကြီးမြို့)မှ တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့မှ ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ မွေတော်ပရိယတ္တိဘုန်းတော်ကြီးကျောင်းအတွင်း၌ တီဘီရောဂါ၊ အရေပြားရောဂါ အမျိုးမျိုးနှင့် အခြားရောဂါများအား ရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မ၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ကျေးရွာများ အရောက် အသိပညာပေး
Jan 19,2021
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား တာဝန်ရှိသူများက ယမန်နေ့က ကျုံမငေး၊ ပိတ္တာလေးစသည့် ရပ်ကွက်၊ ကျေးရွာများ အရောက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့ သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ ဟွေအောကျေးရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Jan 19,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ ဟွေအောကျေးရွာ အုပ်စုအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးလက်နေ ပြည်သူများ၏ ဆန္ဒသဘောထားသိရှိနိုင်ရန် ရည်ရွယ်၍ မြေပြင်ကွင်း ဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း က အဆိုပါကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှု မဖြစ်ပေါ်စေရေး စက်ရေတွင်းတူး
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီ ရေရှားပါးမှုမဖြစ်ပေါ် စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် သစ်ချဆိပ်ကျေးရွာ၌ ဆောင်ရွက်နေသည့် ၄ လက်မ စက်ရေတွင်း (တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၊ ဆန်းချီစျေးတွင် ခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များအား ကြည်ရှုစစ်ဆေး
Jan 19,2021
တနင်္သာရီတိုင်းဒေသကြီး၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့်
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယာယီပျံကျစျေးအတွင်း၌ (Mask Campaign) ပြုလုပ်
Jan 19,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ တပေါင်းစျေးကွင်းအတွင်း၌ ယာယီဖွင့်လှစ်ထားသော ပျံကျစျေးအတွင်းတွင် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၁ဝဝ)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးအပ်
Jan 19,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ကို ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယနေ့ နံနက် ၁၁ နာရီခန့်က နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25542
Page
25543
Page
25544
Page
25545
Current page
25546
Page
25547
Page
25548
Page
25549
Page
25550
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department