Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက် နေမှုတို့အား ကွင်းဆင်း စစ်ဆေး
Jan 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ ကုန်ထုတ် လမ်း/တံတား ဆောင်ရွက်နေမှုတို့အား ယမန်နေ့ နံနက်ပိုင်းက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းမင်း၊ ခရိုင်ကျေးလက် (နည်းပညာ) ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များအား ကုမ္ပဏီတာဝန်ခံများထံ မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ Quarantine ထားရှိသောနေရပ်ပြန်များနှင့် Quarantine နေရာတွင် တာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် ကျပ်(၅)သိန်း ပေးအပ်လှူဒါန်း
Jan 18,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Quarantineထားရှိသော နေရပ်ပြန်ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတာဝန်ကျ ကျန်းမာရေး အဖွဲ့ဝင်များအတွက် Presbyterian Church Of Myanmar က ယနေ့မွန်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ငွေကျပ်၅သိန်းပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကလက်ခံရယူခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးခြင်းနှင့် သရုပ်ပြသလေ့ကျင့်
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ စက်သုံးဆီ လုပ်ငန်းရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆွေးနွေးခြင်းနှင့် သရုပ်ပြသလေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ များအလိုက် ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကဘိုးဘွား များ၏ နေအိမ်များ သို့အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ခွင့်ပြုရန်ပုံငွေဖြင့် စာသင်ကျောင်း ၁၃ ကျောင်းဆောက်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်း ရန်ပုံငွေ ခွင့်ပြုရန်ပုံငွေဖြင့် (အ.ထ.က) ဆင်တဲပါ စာသင်ကျောင်း (၁၃) ကျောင်းတို့ အား ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သာစည်မြို့နယ်၌ အခြေခံပညာကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင် ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့်…
Jan 18,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံပညာ ကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောင်းဝင်း အုတ်တံတိုင်း ကာရန်ခြင်းနှင့် သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်းများ ၈၃ ခု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ခန်းမ၌ပြုလုပ်သော မြို့နယ်တည်ဆောက်ရေး ကော်မတီ၏ လုပ်ငန်းအပ်နှံ ဆွေးနွေးပွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်
Jan 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင် ရပ်ကွက် ရှိ အ.လ.ကကျောင်းတွင် ယနေ့နံနက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှုပြု လုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့၌ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းနှင့် ဇာထိုးပန်းထိုးသင်တန်း ဖွင့်လှစ်
Jan 18,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက် မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းနှင့် ဇာထိုးပန်းထိုးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို ကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25559
Page
25560
Page
25561
Page
25562
Current page
25563
Page
25564
Page
25565
Page
25566
Page
25567
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department