Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဥတ္တရသီရိမြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေး အသိပညာပေးဟောပြော
Jan 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သဲကျွန်းကျေးရွာရှိ မြတ်ပညာပရဟိတကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်း က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်
Jan 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရဲစခန်းမှူး ရဲမှူးဝေဖြိုးကျော် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည်ရဲမေများ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ဝင်းဇော်လတ် နှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးတို့အတွက် နှာခေါင်းစည်း Mask Campaign အား ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ဝက်ဝံယာယီပျံကျစျေး၊ မြို့မစျေး၊ မန္တလေး−လားရှိုး ပြည်ထောင်စုလမ်းမကြီး မီးပွိုင့်လမ်းဆုံ၊ မိုင်းပွန်လမ်းနှင့် လမ်းမတော် လမ်းထောင့် မီးပွိုင့်လမ်းဆုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် သွားရောက်တာဝန်ထမ်း ဆောင်ခဲ့သည့် နမ့်ဆန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်(၄)ဦးအား ဂုဏ်ပြ…
Jan 18,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၄)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် ယမန်နေ့မွန်းလွဲ (၃)နာရီ က ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ် ခန့်အပ်နိုင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jan 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင်
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး လှည့်လည်ဆော်သြ
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည (၆)နာရီအချိန်မှ စတင်၍ ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များသို့ ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်ဆော်သြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ် အထက် သက်ကြီး အဘိုးအဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးလမ်းရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်းပတ်လမ်း ကျောက်ချော လမ်း ခင်းခြင်းလုပ်ငန်းမျာ…
Jan 18,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဖေါက်လုပ်ပြီးစီးသည့် ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်း ပတ်လမ်း၁၄မိုင်အတွင်း ယခုနှစ်အတွင်း ကျောက်ချောလမ်း၂ မိုင် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကော့သောင်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့် နှင့်တာဝန်ရှိသူများ အဖွဲ့မှ ဇန်နဝါရီလ ၁၇ရက်နေ့ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅ သန်းကျော်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည်
Jan 18,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူလငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၁၅ သန်းကျော်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်း လုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ၄၀၀ ဗို့(စ်) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25625
Page
25626
Page
25627
Page
25628
Current page
25629
Page
25630
Page
25631
Page
25632
Page
25633
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department