အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက တံတားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။
Jan 14,2021
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊အမှတ်(၄) ရပ်ကွက်ရှိ ကိုနဝင်းဘုန်းတော်ကြီးကျောင်းတွင် ရပ်ဝေးကျေးရွာ များ မှ ပညာသင်ယူရန်လာရောက် နေထိုင်လျက်ရှိသည့် ကျောင်းသား၊ကျောင်းသူ လူငယ်လေးများအား ကွန်ပျူတာ အခြေခံသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိ ရသည်။
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် မြို့နယ်ကိုယ်စားပြု သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း သူနာပြု(နှစ်)ဦးအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းမိသားစုများက ယနေ့နေ့လယ်ပိုင်းတွင် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီအချိန် က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။
Jan 14,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့် တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ပုံမှန်လည်ပတ်မှုရှိစေရန် ဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းမှစတင်၍ စက်ကုန်းကျေးရွာနှင့် ညောင်ပင်ကြီးစုကျေးရွာများရှိ စာကြည့်တိုက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ် ရေးဆောင်ရန်ရှောင်ရန်အချက်များနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖလားရကျေးရွာ၌ နွေရာသီသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။