Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်ဖြင့် မြောင်းမြမြို့နယ် လူငယ်ရေးရာ ကော်မတီနှင့် ဟိန္ဒူလူငယ်များအသင်း ပူးပေါင်း ဆောင်ရွက်သည့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မြစိမ်းရောင်သာသနာ့နယ်မြေ၌ စိုက်ပျိုးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်၊ ကံမမြို့တွင် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 12,2020
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ရောင်းချလျက်ရှိသော မုန့်ဆိုင်များ၊ ကုန်မျိုးစုံဆိုင်များနှင့် စတိုးဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ကြောင်း သတ်မှတ်ထား သည့် စားသောက်ကုန်များနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိကို သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ရင်ဆိုင်တုံ့ပြန်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Aug 12,2020
မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကော်မတီက သဘာဝ ဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ မော်လမြိုင်မြို ့နယ်အတွင်း ယခင်နှစ်ကရေကြီးခဲ့သောနေရာများနှင့် ရေကြီးနိုင်သောနေရာများသို့
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိတောက်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအရောက်နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးခြင်းနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲကို Online မှတစ်ဆင့် ပြသဆောင်ရွက်
Aug 12,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ပေး Talk Show ဆွေးနွေးပွဲနှင့် နံရံစာစောင် ဓါတ်ပုံကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းလျှောက်ထားသူများအား (ဒုတိယနေ့)ဆက်လက်စိစစ်
Aug 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင် ခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်း လွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ယနေ့ နံနက်ပိုင်းတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရိပ်သာ၌ (ဒုတိယနေ့)အဖြစ် စိစစ်ခြင်းဆောင်ရွက်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ
Aug 12,2020
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာ (၄) ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 12,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) ၏ ခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ (၄) ရွာအတွက် မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်း ကျေးရွာ (၄) ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28175
Page
28176
Page
28177
Page
28178
Current page
28179
Page
28180
Page
28181
Page
28182
Page
28183
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department