Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးညှင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Feb 24,2020
မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကောင်းမွန်သော စိုက်ပျိုးရေးစနစ် (GAP) နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 24,2020
ကောင်းမွန်သော စိုက်ပျိုးရေးစနစ် GAP နည်းပညာပေး ဆွေးနွေးပွဲကို နောင်ချိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး ကအဖွင့်အမှာစကား ပြောကြားရာတွင် GAP ဆိုသည်မှာ မြေပြင်ချိန်မှ စားသုံးသူလက်ဝယ် ရောက်သည် အထိ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာ ရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ဖြစ်ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ဖြစ်စေရန် (၁) အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ (၂) အာဟာရဓာတ် ပြည့်ဝရေး၊ (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၄) လုပ်သားတို့၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့သည် အရေးကြီး ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ကို လိုက်နာကျင့်သုံးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး နောင်ချိုမြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က GAP ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြးခဲ့သည်။ ၎င်းနောက် နောင်ချိုမြို့နယ်မှ GAP အသိအမှတ်ပြု လက်မှတ်ရရှိသော KK (+) ခြံအား အသိအမှတ်ပြုလက်မှတ်ကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ
Feb 24,2020
မွန်ပြည်နယ်၊ သထုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့သည့် မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး အသိပညာပြန့်ပွားရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီခွဲအချိန်က သထုံမြို့၊ သုဝဏ္ဏခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လူထုစက်ဘီးစီးပွဲတော် တာချီလိတ်မြို့တွင်ကျင်းပ
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် MTB Tachileik တို့ ပူးပေါင်း၍ "ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တခွင်" ခေါင်းစဉ်အောက်ရှိ လူထု စက်ဘီးစီးပွဲတော်အား တာချီလိတ်မြို့တာလော့ရပ်ကွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) ထိပ်မှစတင်၍ ယမန်နေ့ မနက် ၆ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
Feb 24,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြည်သူများမှ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှုခင်းများ လျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Feb 24,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်၌ ခရိုင်၊ မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မှုခင်းများ လျှော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ဂေဘား ရေဒီယိုအစီအစဉ်(၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနား လွိုင်ကော်မြို့၌ ကျင်းပ
Feb 23,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ဂေဘားရေဒီယိုအသံလွှင့်အစီအစဉ် (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Feb 23,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29370
Page
29371
Page
29372
Page
29373
Current page
29374
Page
29375
Page
29376
Page
29377
Page
29378
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department