Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နတ်မောက်မြို့နယ် အတွင်းရှိ ရပ်ကွက် ၊ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်း လာရောက်ကြည့်ရှုသူ ( ၆၅၀၀၀ ) ဦးရှိ
Aug 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို နတ်မောက် မြို့နယ်တွင် ဇူလိုင် လ ၂၅ ရက်နေ့ မှ စတင်ပြီး ဩဂုတ်လ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး (၂၃၄)ရုံး တို့တွင် ကပ်ထား ကြေညာလျက်ရှိရာ ယနေ့ အချိန်အထိ နတ်မောက် မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ(၆၅၀၀၀)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် (IDP) စခန်း(၂)ခုရှိ တိုက်ပွဲရှောင်ပြည်သူ ကလေးငယ်များအား ပုံပြင်ပြောခြင်းနှင့် စာအုပ် စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်ပေး
Aug 12,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း(၂)ခုရှိ တိုက်ပွဲရှောင်ပြည်သူ ကလေးငယ်များအား ပုံပြင်ပြောခြင်းနှင့် စာအုပ် စာစောင် ငှားရမ်း ပေးခြင်းကို ဩဂုတ်လ (၁၁)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်း ခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် VRFP ရန်ပုံငွေများ ကျေးရွာအရောက် ကွင်းဆင်းထုတ်ချေး
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသန်းဇော်ဝင်း (နည်းပညာ) နှင့် ဝန်ထမ်းများက ကျေးရွာရန်ပုံငွေမတည်စီမံကိန်း ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မားသီးကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေ ပေးအပ်
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်စား အိမ်ထောင်စုများ အတွက်
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေး
Aug 12,2020
ကျောက်တန်းမြို့ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်မှု အကျိုးတော်ဆောင်အဖွဲ့(CVD)နှင့် ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ အဘိုးအဘွားများအား အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise Is Medicine) အစီအစဉ်ဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်းဆောင်ရွက်
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး ( Exercise Is Medicine ) အစီအစဉ်ဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းဆောင်ရွက်မှုကို ယမန်နေ့ ညနေပိုင်းက မြို့မအခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဦးဆောင်၍ ကျောက်ပန်းတောင်းမြို့ အ.ထ.က ကျောင်းများတွင် Mask Campaing ပြုလုပ်ခြင်းနှင့် မြို…
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၈) နာရီခွဲအချိန်က ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းတွင် Mask Campaing ပြလုပ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ (၅၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29448
Page
29449
Page
29450
Page
29451
Current page
29452
Page
29453
Page
29454
Page
29455
Page
29456
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department