Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ် ရေးမြို့နယ်၌ ရေလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်း ဖွင့်လှစ်
Aug 05,2020
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာနမှ "ရေ လုပ်သားများ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း အမှတ်စဉ် ( ၄ / ၂၀၂၀ )" ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရေးမြို့နယ် အဘော်ကျေးရွှာရှိ ရွှေဖူးစာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် စပါးမျိုးစေ့ မျိုးသန့်များရရှိစေရန်အတွက် မျိုးစေ့မျိုးသန့်စိုက်ဧက(၂၀၀)စိုက်ပျိုးထားရှိ
Aug 05,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ (CERP) အစီအစဉ်အရ စပါးမျိုးစေ့မျိုးသန့်များ ရရှိစေရန်၊ ရေမြေ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန်၊ နှင့် တစ်ဧက ထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးသန့်မျိုးပွားမျိုးစေ့(RS)ကိုအသုံးပြုပြီး မျိုးသန့်မျိုးစေ့ (CS)ကို ရရှိပြီး အသွေးပြည့်မီစေရန်အတွက် ချောင်းဆုံမြို့နယ်မျိုးစေ့ထုတ် ဧက(၂၀၀)ကို ယခုနှစ်မိုး ရာသီတွင် စိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် သထုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် အဝေးပြေး ကားလမ်း ပေါ်ရေကျော်
Aug 05,2020
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ်လ ၅ ရက်နေ့ နံနက်က သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ ကာကွယ်ဆေး ထိုးခြင်း/ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပင်လုံ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်လုံမြို့ နောင်မိန်းကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကောင်းပုံကျေးရွာ၌ ၁၅ နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ အား ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတိုက်စားမှုကြောင့် ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အဝင်လမ်းမပေါ်မှ တံတားကျိုးကာ ရေစီးထဲမျောပါ
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့တွင် ဩဂုတ်လ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန်က ပိန်းဇလုပ်မြို့ တိုက်နယ်ဆေးရုံရှေ့ မြို့အဝင်လမ်းမပေါ်ရှိ တံတားကျိုးကျကာ ရေစီးထဲမျောပါ သွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask)နှင့် လက်သန့်ဆေးရည်(Hand Gel)များ လာရောက်လှူဒါန်း
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ နှာခေါင်းစည်း(Mask)နှင့် လက်သန့်ဆေးရည်(Hand Gel) များကို ယနေ့ နံနက် ၈ နာရီက လာရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်း စာစောင်များအား ပြည်သူ့လက်ဝယ်အရောက်ဖြန့်ဝေ
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် ပထမအကြိမ် မဲဆန္ဒရှင်များစာရင်း ကြေငြာထားရှိမှုအပေါ် ရှင်းလင်းတိကျစွာ သိရှိနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်း များဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင် စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိ ပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့မစျေးနှင့် လူစည်ကားရာနေရာတို့တွင် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေး
Aug 05,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးပေးခြင်း လုပ်ငန်းများကို (၂၉) ရပ်ကွက်၊ (၄၉) ရပ်ကွက် နှင့် (၅၁) ရပ်ကွက် ဓမ္မာရုံတို့တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29515
Page
29516
Page
29517
Page
29518
Current page
29519
Page
29520
Page
29521
Page
29522
Page
29523
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department