Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ် (၁) သင်တန်းဆင်းပွဲ ကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဗန်းမော်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ကာလတိုအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Mar 13,2020
အစိုးရနည်းပညာ အထက်တန်းကျောင်း (မင်းတပ်) ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ သင်တန်းအမှတ်စဉ် (၁/၂၀၂၀) အခြေခံကွန်ပျူတာသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း၊ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါသင်တန်း ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ၇၂၂ ဦး ဆက်လက် ဖြေဆို
Mar 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ဖြေဆိုမှုကို ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၂၂ ဦး ဆက်လက်ဖြေဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံ၌ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်း ဆွေးနွေးပွဲ၊ ပေးအပ်ပွဲနှင့်သရုပ်ပြသခြင်းဆောင်ရွက်
Mar 13,2020
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA) နှင့် ကိုရီးယားရာသီဉတုပြောင်းလဲမှုဗဟိုဌာန (Korea CCC) တို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှု ကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့် မီးဖိုများပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီက ဟဲနန်းကျေးရွာ အုပ်စု၊ ဝမ်မိုင်ရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမြထွေး က အမှာစကားပြောကြားပါသည်။ ထို့နောက် ခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဒေါ်နန်းစောမြ က စွမ်းအားမြှင့် မီးဖိုများပေးအပ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပါသည်။ ၄င်းနောက် ပင်လုံမြို့ စိုက်ပျိုးရေးဉီးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး က စွမ်းအားမြှင့်မီးဖိုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကျေးရွာအုပ်စုများရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့် မီးဖို (၁၈၀၀) လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.မ.က(ဝေါလေ) စာသင်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်
Mar 13,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Mar 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က(၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယ နေ့ရက်ဖြစ်သော သင်္ချာဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Mar 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့၊နံနက်(၉:၀၀)နာရီ အချိန်က အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)မှ ဗိုလ်မှူးကြီး အောင်ကိုဝင်း က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာ အဆင့်မြင့် စက်ချုပ်ပညာရပ် တွေဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် မဖြစ်မနေသင်ထား၊ တတ်ထားသင့်သော ပညာရပ်တွေဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့တတ်မြောက်ပြီးသည့် ပညာရပ် တွေကို ဆက်လက်လေ့လာပြီး မှန်ကန်သော အသက်မွေးဝမ်းကျောင်းများဖြင့် ဘဝရပ်တည် နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29559
Page
29560
Page
29561
Page
29562
Current page
29563
Page
29564
Page
29565
Page
29566
Page
29567
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department