Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 26,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးငယ်များအား အာဟာရ ရက်သတ္တပတ် လှုပ်ရှား မှုအဖြစ် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုး၊ ဆေးတိုက် စုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Aug 26,2020
မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၉ နာရီ က လူစည်ကားရာနေရာဖြစ်သည့် ကျိုက်မရော-ကျွန်းရွာ ကားလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ဒုတိယအကြိမ် ကျင်းပ
Aug 26,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်
Aug 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဈေးရောင်းချသူ၊ ဈေးဝယ်ရန်လာရောက်သူများအား နှာခေါင်းစည်း (mask)များ တပ်ဆင်အသုံးပြုရန် အသိပညာပေးနှိုးဆော်ခြင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များကျန်ရှိမှုမရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီက ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 26,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးစောသိန်းဦးနှင့်ဝန်ထမ်းများက မြို့မဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်…
Aug 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်(၈း၃၀) နာရီ အချိန်တွင်ရှောင်တခင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရေဂါ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်
Aug 26,2020
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးသောရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက အ.လ.က ကျောက်ထောင့်၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29761
Page
29762
Page
29763
Page
29764
Current page
29765
Page
29766
Page
29767
Page
29768
Page
29769
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department