အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းကျေးရွာမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင်အိမ်ထောင်စု (၆) စုအတွက်  ဆန်ရိက္ခာဖိုးများကို ယမန်နေ့က ယာယီစခန်း ဖွင့်လှစ်ထားသော စံပုံတင်ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။       
Aug 28,2020
ထီးလင်းမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများသို့ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 28,2020
မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးတွင် ရောင်းချလျက်ရှိသော စားသုံးကုန်များနှင့်ဆေးဝါးများအား စျေးနှုန်းတိုးမြှင့်ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်​ရေးအတွက် မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား  Mask တပ်ဆင်သွားလာ​စေရန် Mask campaign  ပြုလုပ်ခြင်း ကို ယ​နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်စပါးစိုက်တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရာ ရေကြည်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးနွယ်၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်အေးအေးကျော်တို့က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စိုက်ပျိုးဆောင်ရွက် သွားရမည့် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Aug 28,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်က မြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ်အတွင်းရှိ မြို့မဈေးကြီး၊ (၈)လမ်းဈေး၊ တာကွေ့ဈေးနှင့် ဆားမလောက် ဈေးတို့တွင် နှာခေါင်းစည်း(Mask) တပ်ဆင်၍ ဈေးရောင်းဝယ်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်း တို့ကို ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။