Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Aug 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ ဒေါက်တာဖေမြင့်ရေးသားသည့် “တန်ဖိုးထားအပ်သောအရာများ” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား(၄၉၀)ကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိ
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် Cash For Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား (၄၉၀) ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိနေကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် ခရိုင်အဆင့်လူရည်ချွန် ကျောင်းသား/သူ ၁၂ ဦးအား Social Distancing နှင့်အညီ ဂုဏ်ပြု ချီးမြှင့်ပွဲ ကျင်းပ
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ အမှတ် ၁ အခြေပညာအထက်တန်းကျောင်း ၊ သီရိရတနာ ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင်အတွင်းရှိ ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား /သူ များ ၁၂ ဦးအား Social Distancing နှင့်အညီ ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားတွင် ခရိုင် အုပ်ချုပ် ရေးမှူး ဦးမျိုးကျော်က လူရည်ချွန်ရွေးချယ်ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွင့် အမှာ စကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ယဉ်မင်းစုမှ ဂုဏ်ပြု ချီးမြှင့် ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် လူရည်ချွန်များကို သက်ဆိုင်ရာ အပန်းဖြေစခန်းသို့ စေလွှတ်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ထားသည့် ကာလဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိမိတို့၏ သက်ဆိုင်ရာခရိုင်များ၌ သာလျှင် ဤကဲ့သို့ ဂုဏ်ပြုပွဲများ ကျင်းပ ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် (လူသုံးကုန်) လက်တွေ့ လုပ်ငန်းခွင်သင်တန်းဆင်းပွဲပြုလုပ်
Aug 21,2020
မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှုး၍ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် (လူသုံးကုန်)ဆပ်ပြာ လက်တွေ့လုပ်ငန်းခွင် သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်
Aug 21,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် လူမှုရေးရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးခရိုင်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာရှင်များ စာအုပ်စာပေများ အလွယ်တကူရယူ ဖတ်ရှုနိုင်စေရန်၊ စာအုပ်စာစောင်ဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာများသို့ သွားရောက် ငှားရမ်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများစတင်ထုတ်ပေးလျက်ရှိ
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သြဂုတ်လအတွက် ပင်စင်လစာများကို ယနေ့နံနက် (၇)နာရီခွဲအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29901
Page
29902
Page
29903
Page
29904
Current page
29905
Page
29906
Page
29907
Page
29908
Page
29909
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department