အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ် ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကို ထည့်သွင်းနိုင်ရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သိရသည်။
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဏ္ဍပ်ကိုင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ပဉ္စမအကြိမ်)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ကိုင်မည့် တောင်သူ (၁၃၁)ဦးအား မဏ္ဍပ်ကိုင်းကျေးရွာ စုရပ်ဆောင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Aug 18,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (Covid-19 Economic Relief Plan-CERP) အရ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကစိုက်ပျိုးနေမှုအား ယနေ့ နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ပါသည်။
Aug 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလမတိုင်မီနှင့် ကိုဗစ်-၁၉ကာလအတွင်း စီးပွားဖြစ်မွေးမြူထားရှိသော မွေးမြူရေးခြံများသို့ ကွင်းဆင်း၍ စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့က ကမော့ကချူးကျေးရွာ မွေးမြူရေးဇုန်၌သွားရောက်၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
Aug 18,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု ၊ သခွပ်ကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည်ကုစားပေးသည့်အနေဖြင့် ဒေသခံ ပြည်သူများ ဝင်ငွေရရှိရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းမြေသား လမ်းအား ကျေးရွာနေပြည်သူများ၏လုပ်အားဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Aug 18,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.BULK DRACO သင်္ဘောပေါ်မှ သင်္ဘောသား(၁၂)ဦး
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၌ mobile library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ်၂နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက် ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုများအပေါ်ကုစားသည့်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းအတွက် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဟံသာဝတီ ကျေးရွာရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။