အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် တာဝန်ထမ်းရန် ရပ်ကွက် (၁၆) ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စား၍ တက်ကြွစွာ​ဆောင်ရွက်​ပေးနိုင်​သော သြဇာတိက္ကမ ရှိသူများကို မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
Aug 17,2020
မိုးရာသီတွင် ဖြစ်​ပေါ်တတ်​သော ​ရေကြီး​ရေလျှံမှုမဖြစ်​ပေါ်​စေ​ရေးနှင့် ရေစီး​ရေလာ​ကောင်းမွန်​ရေး အတွက် ရည်ရွယ်ကာ ​ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ​စော​​တောင်ရပ်ကွက်၊ ငုဝါလမ်းတစ်​လျှောက် ​ရေ​မြောင်းချဲ့ခြင်းလုပ်ငန်းကို သြဂုတ်လ လဆန်းပိုင်းမှစတင်၍​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
Aug 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးအတွက် နေ့တာဝန်၊ ညတာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ကုန်များကို ယမန့်နေ့ နေ့လယ်(၁၂)နာရီချိန်က ကမာရွတ်မြို့နယ် UAB Bank ဝန်ထမ်းမိသားစု များမှ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။