အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရှမ်းပြည်နယ်၏ဒေသထွက်ကုန် ဖြစ်သည့်ကြက်သွန်နီ(၄၂၅)ပိဿာ အား မြို့နယ်သမဝါယမအသင်း ဦးစီးဌာနမှ ကြီးကြပ်၍ မြို့နယ် တွင်းရှိ အခြေခံသမဝါယမအသင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ယမန်​နေ့နံနက် ၁၀ နာရီကစ၍ ဒုတိယအကြိမ် ဖြန့်ဖြူး ရောင်းချပေးခဲ့ပါသည်။
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ရေစီးရေလာ ကောင်းမွန်ရေး  Box Culvert များ ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ၊မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု့ ဆောင်ရွက်သည်။
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆)လမှ(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု ချင်းဆိုင်ကျေးရွာတွင် SRI စိုက်နည်းစနစ်ဖြင့် ဧရာမင်းမျိုးသန့်စပါး (Fs -RS) မျိုးအဆင့် စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က တောင်သူဦးမောင်တင့်၏ လယ်မြေအတွင်းတွင်စိုက်ပျိုးကြသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိ နိုင်ရန် မဲစာရင်းစီစစ်ရေးလုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 14,2020
ကျောက်တံတားမြို့နယ်တွင် အသက် (၆) လမှ(၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်​အေနှင့် သံချ​ဆေးတိုက်​ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက် များအတွင်း အလှည့်ကျဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၌ ဆောင်ရွက် ပေးခဲ့​ကြောင်းသိရသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စျေးတန်းရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျင် နှစ်သောင်း ကျပ်စီအား ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Aug 14,2020
​ကျောက်တံတားမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊အစည်းအ​ဝေးခန်းမတွင် သြဂုတ်လ(၁၃)ရက်​နေ့​နေ့လယ်(၁၂း၃၀)နာရီက လွှတ်​တော်ကိုယ်စားလှယ်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့လမ်းသာစီမံကိန်း အ​ကောင်အထည်​ဖော်​ရေး လုပ်ငန်းတာဝန်ခံ များ တွေ့ဆုံကာ ​ကျောက်တံတားမြို့နယ်အတွင်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် " မြို့လမ်းသာစီမံကိန်း"လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကိုကျင်းပခဲ့​ကြောင်း သိရသည်။