အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အတွင်းရှိ ‌ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကသာမြို့နယ်စီ မံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားကွင်းဆင်းစီမံချက်လုပ်ငန်းကို နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ၊ မန်းပူးကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ လူဦးရေစုစုပေါင်း(၄၁၅၆)ဦးအတွက် ဩဂုတ်လ(၁၃)ရက်နေ့မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလုပ်ငန်းများပြုလုပ် နိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်လျက်ရှိသည်။
Aug 14,2020
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ပြည်သူများ အသိပညာ ရရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီ ပြည်သူ့စာကြည့်ခန်းမ၌ စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန်မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား များ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက တောင်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူးရေး GHAP သင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူးရေးနှင့်ကု သရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။