အမြို့မြို့အနယ်နယ်သတင်းများ

Aug 13,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ စတင်ကာ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
Aug 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု များထံသို့ စတုတ္ထအကြိမ်မြောက် နိုင်ငံတော်မှ ထောက်ပံ့ငွေ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှစ်သောင်းကျပ်တိတိအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်ထောင်စုများထံ လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိသည်။
Aug 13,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြာ
Aug 13,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီး ဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 13,2020
ကော့သောင်းမြို့တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောင်သုခ ရပ်ကွက် ရှိနေအိမ်(၁)လုံးပေါ်သို့ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Aug 13,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြစ်ရေနစ်မြုပ်သည့် ရေတွင်းများအား ပိုသတ်ဆေး ပက်ဖျန်းခြင်းကို ကျွန်းမီးအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 13,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားအုပ်စု ကျေးလက် ဆေးပေးခန်း၌ ယမန်နေ့နံနက်ပိုင်းက  အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။