Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သရက်ချောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးပြုလုပ်
Aug 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေကော်မတီ ဖွဲ့စည်းနိုင်ရေးအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအတန်းလှပ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုး နေမှုအား ကြည့်ရှုအားပေး
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ဝါးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အသင်းဥက္ကဋ္ဌ ဦးသန့်ဇင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးတို့က သြဂုတ်လ(၁၇)ရက်နေ့ နံနက် (၉)နာရီက
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ မရှိ စစ်ဆေး
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော စျေးဆိုင် များအား ညွှန်ကြားချက်များနှင့် ရောင်ချခြင်း ရှိ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်
Aug 19,2020
ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြု လုပ်သည်။ အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စံပယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ ဖြစ်ကြသည့် လွတ်လပ်ငြိမ်း၊ ကြည်မင်းဝေ (ဆင်ကျွန်း)၊ ဆရာမြင့်မောင်မောင်နှင့် ဦးဆန်းမောင်တို့က စာအုပ်ပါအကြောင်းအရာ သုတ/ရသများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြင့်ပေ(၃၀)ခန့်ရှိ ကုက္ကိုလ်ပင်ပြိုလဲကျသဖြင့် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲနှင့် သစ်သီး ဆိုင်ခန်း(၄)ခန်း ပျက်စီးမှုဖြစ်ပ…
Aug 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ဆမားလမ်းနှင့် အောင်ဆန်းလမ်းဒေါင့် မြန်မာ့သစ် ထုတ်လုပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာရှိ လုံးပတ်(၄)ပေခန့် အမြင့်ပေ(၃၀)ခန့်ရှိ ကုက္ကိုလ်ပင်သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် (၁၈)ရက်နေ့ ည(၇)နာရီကျော်ခန့် က သစ်ပင်ပြိုလဲကျမှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးရုံများ၊ ဆေးခန်းများ၊ ဓာတ်ခွဲခန်းများအား ရှောင်တခင်ဝင်ရောက်စစ်ဆေး
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများ နှင့် ဓာတ်ခွဲခန်းများအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ထွေအုပ်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်ဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်
Aug 19,2020
ကလေးငယ်များ ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန်ပြီး အသက် အန္တရာယ် ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါ ဖြစ်တတ်ခြင်း၊ အပြင်တိမ်စွဲ၍ မျက်စိကွယ်တတ်ခြင်းစသည့် ရောဂါများ ကင်းဝေးပြီး ဗီတာမင်အေပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များ ဖြစ်စေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉)နာရီ၌ ဗီတာမင်အေဆေးနှင့် သန်ချဆေးများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30096
Page
30097
Page
30098
Page
30099
Current page
30100
Page
30101
Page
30102
Page
30103
Page
30104
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department