Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လယ်ဝေးမြို့နယ်အတွင်း TB/HIV ရောဂါ တားဆီးတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကျင်းပ
Aug 14,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း TB / HIV ရောဂါ တားဆီးတိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီ က လယ်ဝေးမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က တောဘို့ကုန်းကျေးရွာ တောင်သူဒေါ်ဝင်း၏ လယ်မြေ ၂၅ ဧက တွင် ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော် ဌေး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလင်းမြတ်၊ တိုင်းဒေသကြီး ဆည်မြောင်း ဦးစီးမှူး ဦးသောင်းထိုက်၊ တိုင်းဒေသကြီးစက်မှုလယ်ယာ ဦးစီးမှူး ဦးကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 14,2020
၂၀၂၀ ပြည့်နှစ် စစ်ကိုင်းခရိုင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်း လွှာများစိစစ်ခြင်းလုပ်ငန်းများကို ဩဂုတ် (၁၁) ရက်မှ (၁၄) ရက်နေ့အထိ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများထုတ်ချေး
Aug 14,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာအုပ်စု ၊ ရွာသစ်ကလေးကျေးရွာရှိ ကျေးလက် နေပြည်သူများ ကိုဗစ် - ၁၉ ကာလ အတွင်း စီးပွားရေးထိခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းအတွက် ရန်ပုံငွေထုတ်ချေး ပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် မော်တော်ယာဉ်အား ဆိုင်ကယ်မှ မျက်နှာချင်းဆိုင်ဝင်တိုက်၍ ဆိုင်ကယ်မောင်းနှင်သူနှင့် နောက်မှ လိုက်ပါလာသူ ဒဏ်ရာများရရှိ…
Aug 14,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအနီး၊ မန္တလေး-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၄၅/၅ နှင့် ၄၅/၆အကြား၊ ယမန်နေ့ နံနက် ၂ နာရီအချိန်ခန့်က လမ်းမှန်မောင်းနှင့်လာသည့် မော်တော်ယာဉ်အား ဆိုင်ကယ်မှ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိသော စီမံကိန်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူ ပိန်းအင်းကုန်းကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများ ထုတ်ချေးပေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု၊ ပိန်းအင်းကုန်း ကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ချေးငွေများ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30111
Page
30112
Page
30113
Page
30114
Current page
30115
Page
30116
Page
30117
Page
30118
Page
30119
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department