Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းငှားရမ်း
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်၀န်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ၀န်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတို့ကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးချိန် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်ကာ မိသားစုဘဝများအဆင်ပြေလျက်ရှိ
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးစပါးများစိုက်ပျိုးချိန်တွင် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စက်ငှါးသူပေါများလာခြင်းကြောင့် ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှု
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတွင် ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်စေရေးဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းအနေခြေအနေများကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်စိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံနော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့် ၌လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ထုတ်ပေး ထားသော လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈) နာရီ အချိန်မှ ၁၀ နာရီအထိ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင်များကို မြစ်သားစျေးနှင့်ကူမဲစျေးတို့တွင် စျေးရောင်းစျေးဝယ်ပြည်သူများ လက်ဝယ်အရောက်ပေးဝေခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ CERP အစီအစဉ်အရ ကျေးရွာများတွင် သင်တန်းများဖွင့်လှစ်
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေး သင်တန်း များဖြစ်သည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းနှင့် ကျွဲ/နွား မွေးမြူထုတ်လုပ်သင်တန်းများကို ယမန်နေ့ နံနက်(၉) နာရီ အချိန် က ပန်မိတ်ကျေးရွာနှင့် နမ့်ရမ်းကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့ကျောက်လုပ်ကွက်ဟောင်း ဂဲတွင်းလူးလက်ကြားတွင် လူ (၂) ဦး ပိတ်မိသေဆုံး
Aug 13,2020
မိုးကုတ်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကျောက်ပြသာဒ်ကျေးရွာ၊လုံလျိုကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတွင် ယမန်နေ့ ညနေ ၃ နာရီခန့် အချိန်ကဂဲတွင်းလူးလက်ကြားတွင် တွင်းသားအချို့ ပိတ်မိမှု ဖြစ်ပွားခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သူ (၁၁၆၉) ဦးရှိပြီး ဘာသာစုံဂုဏ်ထူးဖြင့် တစ်ဦးအောင်မြင်
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၄၅၁၂) ဦးရှိရာ အောင်မြင်သူ (၁၁၆၉) ဦးရှိပြီး ဘာသာစုံဂုဏ်ထူးဖြင့် တစ်ဦးအောင်မြင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30134
Page
30135
Page
30136
Page
30137
Current page
30138
Page
30139
Page
30140
Page
30141
Page
30142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department