အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ​ရေရှည်စဉ်ဆက်မပြတ် ငါးစားသုံးနိုင်​ရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မား လာ​စေရန်၊ ငါးသယံဇာတများ​ ပေါများလာ​စေရန် ရည်ရွယ်၍ ဒါးက​ချောင်း သဘာဝ​ရေပြင် အင်း​ချောင်းအတွင်းသို့ ငါးသား​ပေါက် ကောင်​ရေ (၅) သိန်းခွဲ မျိုးစိုက်ထည့်ခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ (၆)လ တစ်ကြိမ်တိုက်ကျွေးလျက်ရှိရာ ၂၀၂၀ပြည့်နှစ် အတွက် ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်များ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင် ပြည်သူများအား မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးကြရန် ယနေ့ နံနက်ပိုင်းက မြို့နယ်များအတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသံချဲစက်ဖြင့် လှည့်လည်နှိုးဆော်သည်။
Aug 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများ အသိပညာဗဟုတ တိုး ပွား စေရေးနှင့် စာဖတ်သည့်အလေ့အထပိုမိုရရှိစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် သုတ၊ ရသ စာအုပ် များ ငှားရမ်းပေးခြင်း၊ အသိပညာပေးဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဝမ်လုံ(၁) ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။