Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ကွင်…
Aug 11,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသ ကြီးအစိုးရရန်ပုံငွေဖြင့် ရပ်ကွက်(၂၀)တွင် သက်ဆိုင်ရာရပ်ကွက်များအလိုက် လမ်းခင်းခြင်း၊ ရေမြောင်းနှင့် မြောင်းအဖုံးများဆောင်ရွက်ခြင်းနှင့် နောက်ဖေးလမ်းကြားပန်းဥယျာဉ်များ အကောင် အထည်ဖော်ခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ဆေးပေးခန်းနှင့် မူကြိုကျောင်း တည်ဆောက်ရေး လုပ်ငန်းများရာနှုန်း ပြည့်ပြီးစီး
Aug 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းလျှန်းကျေးရွာအုပ်စု၊ ပါထမ်ကျေးရွာနှင့် ဟောင်ကန် ကျေးရွာ အုပ်စု၊ ဝမ်မတ်ကျေးရွာ တို့တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်အဖေါ် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက် ဆေးပေးခန်းနှင့် မူကြိုကျောင်း တည်ဆောက်မှု လုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်
Aug 11,2020
နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ်၊ COVID 19 Economic Relief Plan (CERP) အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မျိုးသန့်မျိုးစေ့ထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းပွဲတွင် သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများရှိ အမျိုးသမီးများအား သုံးနှစ်မှ ငါးနှစ် အရွယ်ကလေးများကို နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်သည့်နည်းလမ်းများ သိရှိနိုင် စေရန်ရည်ရွယ်၍ ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက တောင်ပေါ်ကျောင်းတိုက်ရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်း ကပ်ထားဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကွင်းဆင်းကြည့်ရှု
Aug 11,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ပ
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာ၌ Cash For Work စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Aug 11,2020
မကွေးတို်ငးဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ကျေးရွာ(၈)ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးရွာတစ်ရွာ လျှင် ငွေကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးပြီး ကျေးရွာကုန်ထုတ်လုပ်မှုနှင့်အခြခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အားအသုံးပြုရသည့်နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်၊ အခြေခံပညာကျောင်းများအတွက် ရရှိသည့် ရေစင်များ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Aug 11,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ရေစင် များအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေမှ သုံးစွဲခွင့်ရရှိသည့် အခြေခံပညာအထက်တန်း၊ အထက် တန်း(ခွဲ)နှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ လုပ်ငန်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေလယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် ကိုဗစ်-၁၉ ၏စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်(CERP)အရ ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 11,2020
ကိုဗစ်-၁၉၏စီးပွားရေးအပေါ်ထိခိုက်နစ်နာမှုသက်သာရေးစီမံချက် (CERP)အရဖွင့်လှစ်သော ကြက်မွေးမြူရေး သင်တန်းကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30183
Page
30184
Page
30185
Page
30186
Current page
30187
Page
30188
Page
30189
Page
30190
Page
30191
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department