Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြင်းခြံမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ
Aug 04,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင် ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူများအား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ် စညတဲတန်းကျေးရွာ တိရစ္ဆာန် အသက်ကယ်ကုန်းတွင် နွားကောင်ရေ(၁၁၂)ကောင်ရောက်ရှိ
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု တဲတန်းကျေးရွာတိရစ္ဆာန် အသက်ကယ်ကုန်းတွင် ဇူလိုင်(၃၀)ရက်မှ ယမန်နေ့ထိ နွားကောင်ရေ (၁၁၂)ကောင် ရောက်ရှိလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိပ်ကုသပေး
Aug 04,2020
မိတ္ထီလာမြို့ ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိပ်ကုသပေးခြင်းကို ယမန်နေ့ နံနက်က ခွဲစိတ်ကုသပေးခဲ့ကြောင်း ထီလာဦးမျက်စိအထူးကုဆေးရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံ−မိုင်းခုတ်-မိုင်းဆတ်ကားလမ်းမပေါ် သစ်ပင်ကြီးတစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား
Aug 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ၌ ယမန်နေ့ညအချိန်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယနေ့နံနက်ပိုင်းအချိန် မိုင်းခုတ်-မိုင်းဆတ်မြို့ဆက်သွယ်ထားသော မိုင်းခုတ်မြို့နှင့် ရှုခင်းသာ (၁)ရွာကြား ကားလမ်းမပါ်သို့ လုံးပတ် နှစ်ပေပတ်လည်ခန့်၊ အမြင့် (၃၀)ပေ ခန့်ရှိ ဒေသအ ခေါ်ဝေါ်အရ စက္ကူ သစ်ပင် ပြိုလဲ၍ လမ်းပိတ်ဆို့မှုခတ္တဖြစ် ပေါ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီက အမှတ်(၁၁) ရပ်ကွက်၊ သာသနာ့ဟိတ ဓမ္မာရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်၊ ခေါဇာမြို့တွင် အခြေခံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
Aug 04,2020
ကုလသမ္မဂဖွံ့ဖြိုးမှု အစီအစဉ်( UNDP) မှစီစဉ်ဆောင်ရွက်သော မြို့နယ်အဆင့်၊ရပ်ကျေး အဆင့် ဘေး အန္တရာယ် စီမံခန်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအတွက် အခြေခံဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာ မြို့ေကျာင်းသစ်ဘုန်ကြီးကျောင်း တွင် ယနေ့ နံနက် ၁၀ နာရီက သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု၊ ပင့်တင်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိသည့် နေအိမ်နှင့်ကိုက် (၁၀၀) အတွင်းရှိ နေအိမ်ပတ်ဝန်းကျင်အား ရောဂါကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်း ဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30224
Page
30225
Page
30226
Page
30227
Current page
30228
Page
30229
Page
30230
Page
30231
Page
30232
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department