အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်(၉)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။
Dec 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက စကု​မြို့ အမှတ် (၁) ရပ်ကွက်ရှိ အဆိုပါလမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2025
၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ ၂ဝ၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။
Dec 01,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ  အားကစားကွင်း၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပဒါန်းတပ်နယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပဒါန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။
Dec 01,2025
ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် မင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။