အမြို့မြို့အနယ်နယ်သတင်းများ

May 27,2026
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
May 27,2026
ပုလောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများ၌ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မေ ၂၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
May 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီမှစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်မြောက်ခြင်းအခမ်းအနား များကိုပြုလုပ်ဆောင်ရွက်ကြသည်။
May 27,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာရှိ တရုတ်ရိုးရာသုံး စက္ကူထုတ်လုပ်သည့် စက္ကူစက်ရုံများသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
May 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့မေလ ၂၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။
May 27,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း (အရှေ့+အနောက်) မှ ကျောင်းသား၊ ကျောင်းသူ (၇၃) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီခွဲက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပဲခူးအရှေ့ပိုင်း+အနောက်ပိုင်းမှ လူငယ်များတွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
May 27,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးစီး၍ ပြန်လည်ရောက်ရှိလာသူများအား  ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။