Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူးမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
May 25,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာ အောင်သင်းရေးသားထားသည့် “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းအား ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community )ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
May 25,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မိုးကြိုဖလား အပျော်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း အတွင်းရှိ ဖူဆယ်ကွင်းတွင် ဖွင့်ပွဲပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ စုဆောင်းငွေအပေါ်အတိုးများပေးအပ်ခြင်းနှင့် ထိုင်ခုံများပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်…
May 25,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက် စုဆောင်းငွေအပေါ် အတိုးပေးအပ်ခြင်းနှင့် ပလတ်စတစ်ထိုင်ခုံများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် မေလ ၂၂ ရက် ညနေ(၄)နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
May 25,2026
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း ရောင်းချသောလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုလက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 25,2026
ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုလက်ခံခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (ပန်စုံ)တွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိ
May 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ်တွင် မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)များအား တောင်သူများထံ အခမဲ့ပ…
May 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) များအား မေ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ညောင်ဘီးကျေးရွာအုပ်စု၊ ပဲယာကျေးရွာရှိ တောင်သူများထံ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်
May 25,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ သတ်မှတ်ထားရာ ယနေ့နံနက် (၉:၀၀) နာရီမှစ၍ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
439
Page
440
Page
441
Page
442
Current page
443
Page
444
Page
445
Page
446
Page
447
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department