အမြို့မြို့အနယ်နယ်သတင်းများ

May 23,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြေငလျင်နှင့်သဘာဝဘေးအန္တရာယ် အသိပညာပေး‌ ဟောပြောပွဲနှင့်လက်တွေ့မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက်သရုပ်ပြခြင်းကို မေ ၂၁ ရက်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပသည်။
May 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပုံပါကျင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့်ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ရက်(၁၀၀)စီမံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့ နယ်ခွဲစည်ပင်သာယာရေးဦးစီးဌာနအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို မေ ၂၂ ရက် နံနက် (၁၁) နာရီက နားကောင်းမူးစျေး၌ ပြုလုပ်သည်။
May 23,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ ဒေါက်တာပပစိုး ဦးဆောင်သော ဆေးပညာတတိယနှစ်တန်းမှ ကျောင်းသား/ကျောင်းသူ(၃၄၅)ဦးသည် တွံတေးမြို့နယ်ရွှေဆံတော်ရပ်ကွက်ရှိ မိသားစု(၃၄၅)စုတွင် မိသားစုကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းလေ့လာရေး  အစီအစဉ်ကို မေ ၂၂ ရက် နံနက်၉နာရီက ဆောင်ရွက်ကြောင်းသိရသည်။
May 23,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အောက်စုပိုင်းရပ်ကွက်၊ ပညာရေးမှူးရုံးရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့"ဟု ရေးသားထားသည့် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
May 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူပွဲကို မေ ၂၁ ရက်က ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)၊ မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က (၂) ကျောင်းရှေ့တို့တွင် ပြုလုပ်သည်။
May 23,2026
မွန်ပြည်နယ်  ချောင်းဆုံမြို့နယ် ကလော့ကျေးရွာလယ်ယာကုန်ထုတ်လမ်း အတွင်းရှိ တံတား(၃) စင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုအားအခြေအနေများအား မေ ၂၂ ရက် နံနက်ပိုင်းက မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးမြင့်နိုင်ဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။
May 23,2026
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  (Book Club)၊ (Women Club)၊ (Youth Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရသစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက် ၁၁နာရီခန့်ကကျင်းပသည်။ ‌