အမြို့မြို့အနယ်နယ်သတင်းများ

May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မေလ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် ထမံသီ-လေရှီး-ဆွမ္ပရာ-ပန်ဆက်ကားလမ်း မိုင်တိုင်အမှတ် - ၃၄/၃၅ ကြားရှိ မြေထိန်းနံရံပြိုကျပျက်စီးကာ ပြန်လည်ရှင်းလင်းဖယ်ရှားပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၁၇၀ B ရှိ တောင်သူ ဦးချစ်ဝင်း၏ လယ်မြေ ၅ ဧကကွင်းတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌နေမင်းအောင်နှင့် တာဝန်ရှိသူများက တောင်သူလယ်သမားများနှင့်စုပေါင်း၍ မျိုးစေ့များကြဲပက်စိုက်ပျိုးပေးခဲ့ကြသည်။
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင်  ဆန်၊ ဆီ၊ ဘဲဥနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကိုယမန်နေ့နံနက်ပိုင်းက အမှတ် (၅)ရပ်ကွက် (၁၃)  လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်ဆောင်ရွက်ပေးခဲ့သည်။
May 22,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ် ချမ်းသာကုန်းကျေးရွာ Home Garden စီမံချက်ဖြင့် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် တစ်ဧကစိုက်ခင်းသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
May 22,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အကြောင်း သိပညာပေးဟောပြောခြင်းနှင့် သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြိုနယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ဆောင်ရွက်သည်။
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ရေနေသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ယနေ့နံနက် (၁၀) နာရီက ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းဟောပြောခဲ့သည်။
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် အခြေခံပညာအလယ်တန်းဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ (မြို့နယ်အဆင့်)ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။