Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးရှိ ဈေးဆိုင်များအား ရက် ၁၀၀ စီမံချက်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
May 20,2026
နေပြည်တော်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များ၊ တရားမဝင်နှင့်သက်တမ်းလွန် ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြော်ငြာထားသော ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိကို ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ် Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
May 20,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
May 20,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ (ကျွန်းလှ) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ မိုးစပါး (၁၅၀၉၅၄) ဧက စိုက်ပျိုးနိုင်ရန်လျာထား
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးနိုင်ရေး (၁၅၀၉၅၄) ဧက လျာထားကြောင်းနှင့် လျာထားစိုက်ဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့ ဝမ်စိမ်းကျေးရွာ တိုက်နယ်ဆေးရုံတွင် ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း…
May 20,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ခိုလမ်မြို့၊ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေမွန် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ရောဂါဝေဒနာများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ ဝမ်စိမ်းကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကဏ္ဍမှ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ ပြည်သူများအား မျက်စိကျန်းမာရေး (အခမဲ့)ကုသဆောင်ရွက်ပေး
May 20,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြည်သူများအား မျက်စိကျန်းမာရေးနှင့် မျက်စိအတွင်းတိမ်ရောဂါ (အခမဲ့)စစ်ဆေးကုသခြင်းကို ချောက်မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဆောင်းမို့မို့ဝင်း အဖွဲ့ခေါင်းဆောင် မျက်စိခွဲစိတ်အထူးကုဆရာဝန် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဒေသကြီး(၁)နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကြီးနီစံပြကျေးရွာရှိ ပြည်သူများအား ချောက်မြို့နယ် ပြည်သူ့ဆေးရုံအထူးကု ပြင်ပလူနာဌာန၌ မျက်စိကျန်းမာရေး စစ်ဆေးကုသဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
May 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
551
Page
552
Page
553
Page
554
Current page
555
Page
556
Page
557
Page
558
Page
559
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department