အမြို့မြို့အနယ်နယ်သတင်းများ

Dec 05,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘ၊ ဆရာ ကျောင်းသားတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာကျောင်းပြင်ပကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
Dec 05,2025
၂၀၂၅ ခုနှစ်တွင် ကျင်းမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ (၃) ဖြင့် လာရောက်လျှောက်ထားသူ ၃၂၉၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Dec 05,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 05,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းမှ စတင်၍ တောင်သာမြို့ မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Dec 05,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ထူးချွန်ထက်မြက်သောလူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက်အားထားရမည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစိစစ်​ခြင်းစာမေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ တောင်ငူမြို့၊ အ.ထ.က(၄)၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စာမေးပွဲ ဖြေဆိုပြီးစီးသည်။
Dec 05,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းက ရိုဘတ်စတာကော်ဖီနှင့် ပြည်ပ ပို့ကုန်အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူလုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်းလုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
Dec 05,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းရှိ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအား ၂၀၂၅ ခုနှစ်ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်း သပ် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂၇၅) ခြေလျင်တပ်ရင်းတွင်ပြုလုပ်ခဲ့သည်။