အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 05,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ရေကြီးမြင့်မှုကြောင့် ကာကွယ်ရေးလုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ကျွန်းပင်သာ ရပ်ကွက်အတွင်း ဧရာဝတီမြစ်ဆိပ်ရှိ မီးသတ်ဦးစီးဌာန၏ရေကင်းကြည့်စခန်း(ကချင်စု)ရုံး၌ကျင်းပသည့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားသို့ တက်‌ရောက်ခဲ့သည်။
Jun 05,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Jun 05,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦး ဇွန် ၅ ရက်၊ နံနက် ၉ နာရီတွင် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။
Jun 05,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးသန်းထွတ်သိန်းတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါ လျက် ဇွန်(၃)ရက်နှင့် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး MEVM မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမနှင့် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတို့တွင် တာဝန်ရှိသူမျာအား အစည်းအဝေးခန်းမများတွင် တွေ့ဆုံခဲ့ကြသည်။ 
Jun 05,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ရွက်နုများ ထွက်ရှိချိန်တိုင်းတွင် ခူးယူ၍ လက်ဖက်စို၊ လက်ဖက်ခြောက်များ ပြုလုပ်ရောင်းချရပြီး တစ်နှစ်ပတ်လုံးနီးပါး ဝင်ငွေရသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ဥယျဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။
Jun 05,2026
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်၊ ထီးလှိုင်ကျေးရွာအုပ်စုနှင့် မလွှပင်ကျေးရွာအုပ်စုမှ နှမ်းစိုက်တောင်သူများအား နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထီးလှိုင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။