အမြို့မြို့အနယ်နယ်သတင်းများ

Mar 25,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိရန်မျှော်လင့်နေကြောင်း ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူကြီးများထံက သိရသည်။
Mar 25,2025
မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 25,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား သင်ကြားသင်ယူမှု ပိုမိုထိရောက် အကျိုးရှိစေရန်ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် (ကြိုသက်) အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
Mar 25,2025
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့  ပူးပေါင်း၍ မြန်မာ့ရိုးရာသနပ်ခါးနေ့  လှုပ်ရှားမှုတစ်ရပ်အနေဖြင့် သနပ်ခါးလိမ်းခြယ်ပွဲကို ယနေ့နံနက် (၉)နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  ပတ္တမြားအစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။
Mar 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စာစီစာကုံးသင်တန်းဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 25,2025
ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူမှုစွမ်းရည်မြင့်မားရေး၊ နှီးနှောဖလှယ်ခြင်း၊ အသိပညာအတတ်ပညာများ မျှဝေခြင်း၊ ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်နှင့်မူလတန်းဆင့် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။