ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ရေတာရှည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် မိုးရာသီစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးစီမံချက် လူထုတွေ့ဆုံပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက်ကာလအတွင်းအ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးစီမံချက် လူထုတွေ့ဆုံပွဲကို ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်း၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၂၆-ခုနှစ် Grate 10 လူရည်ချွန်မောင်မယ်များ အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းသို့ ရောက်ရှိ ဒေသခံပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆို

၂၀၂၆-ခုနှစ် Grate 10 လူရည်ချွန်‌‌ေကျာင်းသားမောင်မယ် ၁၃၂ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ ၁၈ ဦးတို့သည် မေ ၆ ရက် နံနက် ၆နာရီတွင် နေပြည်တော်စုရပ်မှ စတင်ထွက်ခွာ၍ ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့သို့ နံနက် ၁၀နာရီခွဲတွင်ရောက်ရှိလာရာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ဒေါ်ယဉ်မင်းစုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်းစည်းများကမ်း၍ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

ဒလမြို့နယ်၌ သောက်သုံးရေရှားပါးလျှက်ရှိသော ပြည်သူများအား  သောက်သုံးရေလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရဲတပ်ဖွဲ့နှင့် ဒလမြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ယနေ့ နံနက်ပိုင်းက သောက်သုံးရေရှားပါးလျှက်ရှိသော ဒလမြို့နယ်၊ စံပြတံတားချောင်းကျေးရွာရှိ  ပြည်သူများအား သောက်သုံးရေများ(အခမဲ့) လှူဒါန်းခဲ့သည်။

တံတားမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရက် ၁၀၀ စီမံချက်ပါ မှုခင်းကျဆင်းရေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှု​လျော့နည်းကျဆင်းစေရေး၊ ပြည်သူများသိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက တံတားမြို့ ဝိဇ္ဇာဓမ္မသာသနာ့ဗိဗ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်လုံခြုံရေး) အဖွဲ့ဝင်များအား  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့တွက်စာရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဧပြီလ  ၆ ရက်နေ့ နံနက် ၉ နာရီက မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုဒေသတွင် ရာသီစာမှန်ကူသီးများ လှိုင်လှိုင်ပေါ်ချိန် လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် နွေစပါးစိုက်ဧက (၁၀၆၅၄) ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ -၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်၊ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါးစိုက်ဧက (၁၇၅၇၀)ဧက စိုက်ပျိုးသွားရန်လျာထားပြီး ယနေ့အထိ နွေစပါး(၁၀၆၅၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံရနောင်းမြို့သို့ ပြောင်းတင်ပို့နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းကုန်သွယ်ရေးစခန်း၊ တော်ဝင်ဆိပ်ကမ်းတွင် ရန်ကုန်မှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေမှုအခြေအနေအား ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားအခြေပြု ကံပိုင်တည်ကုန်သွယ်ရေးစခန်း ယာယီယာဉ် စစ်ဆေးရေးကွင်းဖွင့်လှစ်၍ ကုန်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ စစ်ဆေး ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အထွေထွပိုလျှံ ရန်ပုံငွေဖြင့် Quick Win လုပ

ကချင်ပြည်နယ်အတွင်း တဖက်နိုင်ငံသို့ သွင်းကုန်ပစ္စည်းများနှင့်ပတ်သက်၍ တရားဝင်သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုနိုင်ရေးနှင့် စစ်ဆေးဆောင်ရွက်နိုင်ရေးတို့အတွက် မိုင်းနားအခြေ ပြုကံပိုင်တည်ကုန်သွယ်ရေးစခန်း ယာယီယာဉ်စစ်ဆေးကွင်း ဖွင့်လှစ်ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ