ကရင်ပြည်နယ်

ကမမောင်းမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် နိုင်ငံတော်အလံကို အလေးပြုခြင်းအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

၂၀၂၆ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြစန္ဒီပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် ပရိယတ္တိဝန်ဆောင်စာအောင်သံဃာတော်နှင့် သီလရှင် (၄၄) ပါးတို့အား ချီး​မြှောက်ပူဇော်သည့် စူဠဘွဲ့နှင်းပူဇာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော် သာသနာ့ဟိတကာရီဗိမာန်၌ ယမန်နေ့နံနက်(၈:၀၀)အချိန်တွင် မြဝတီမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဝံသပါလအသင်း၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ကရင်ပြည်နယ်သာသနာနုဂ္ဂဟအသင်းနှင့် စေတနာရှင်ဒါယကာ/ဒါယိကာမများ စုပေါင်း၍ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်တွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် မြဝတီ မြို့နယ်အတွင်းရှိ ပရိယတ္တိဝန်ဆောင်စာအောင် သံဃာတော်နှင့် သီလရှင် (၄၄) ပါးတို့အား ချီး​မြှောက်ပူဇော်သည့် ”စူဠဘွဲ့နှင်းပူဇော်”ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)၊ သီရိကွင်း၌ ကျင်းပရာ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း အမျိုးသား/ အမျိုးသမီး ၃၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဘားအံမြို့၌ မီးလောင်ကျွမ်းမှု Hotspots အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက်များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း၌ အိန္ဒုတိုက်နယ်အတွင်း လွန်းညကျေးရွာ၊ အိန္ဒုကျေးရွာနှင့် ကော့စိန်ဘန် (အထက်) ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)၊ သီရိကွင်း၌ ကျင်းပရာ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း အမျိုးသား/အမျိုးသမီး ၃၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဘားအံမြို့၌ မီးလောင်ကျွမ်းမှု Hotspots အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်  

ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှု အရေအတွက်များနေခြင်းအား လျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း၌ အိန္ဒုတိုက်နယ်အတွင်း လွန်းညကျေးရွာ၊ အိန္ဒုကျေးရွာနှင့် ကော့စိန်ဘန်(အထက်) ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ်  ကျောင်းသား/ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁၁ နာရီက ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်စိုးမိုးနိုင် ရေးသားသော အောင်မြင်သူတို့၏နှလုံးအိမ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။

လိပ်သိုမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၉ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Subscribe to ကရင်ပြည်နယ်