ကရင်ပြည်နယ်

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ဌားရမ်းပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိစေရန် ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရုံးရှေ့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက် ကွမ်းသီးခြောက်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက် ကွမ်းသီးစို၊ ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကမမောင်းမြို့တွင် ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှုးသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒု-မဲရုံမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများ ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိမိကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးသက်သာစေရေးထည့်သွင်းဆောင်ရွက်နိုင်ရန်နှင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲသူများအနေဖြင့် စနစ်တကျစီမံခန့်ခွဲတတ်ပြီး မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းခွင်အတွင်း ဖွံ့ဖြိုးတိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်နိုင်ရန် ရည်ရွယ်၍  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူနေမှုအား ကြည့်ရှုအားပေး

မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)အနေဖြင့်ဘဏ်လုပ်ငန်းဆောင်တာများကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး လစဉ် ၂၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံမြို့တွင် အညွန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့်(ပြည်နယ်အဆင့်)ဆင့်ပွားဆွေးနွေးပွဲ ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာဆရာ/ဆရာမများအတွက် သာတူညီမျှမှုကိုအခြေခံသော ဆရာအတတ် ပညာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် (ပြည်နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

ကော့ကရိတ်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ၂၁ ရက် နံနက်ပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာအဖွဲ့ခွဲများ လုပ်ငန်းစဥ်ဆောင်ရွင်မှု သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းစဥ်ဆောင်ရွက်မှုသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၅) ရပ်ကွက်၊ City Home ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲဝင်များ ခရိုင်/မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲတွင်ပါဝင် သည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်