ကရင်ပြည်နယ်

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွား မြို့တော်ဖြစ်စေရေး ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇသီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖူးမြော်ကြည်ညို

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အေးလင်းမြရှင်ဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဥပဒေရေးရာလုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဥပဒေရေးရာလုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

လိပ်သိုဒေသတွင် သဘာဝနနွင်းမှုန့်တစ်ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့၏ တောင်ယာခင်းများတွင် နနွင်းကို စီးပွားဖြစ် စိုက်ပျိုးထားကြရာ တူးဖော်ရရှိလာသော နနွင်းများအား အမှုန့်ကြိတ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ အခြားသောစီးပွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ အုပ်စုအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့်မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေး အတွက် မြေပြင်ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ပိုင်ကျုံမြို့၌ တစ်ပိုင်တစ်နိုင် သခွားစိုက်ပျိုးတောင်သူများ စျေးကောင်းရရန် မျှော်လင့်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန် မွေးမြူရေးများကိုသာ အဓိကထားလုပ်ကိုင်ကြပြီး မိုးဦးကာလတွင် မိမိတို့၏ခြံမြေများ၌ တိရစ္ဆာန်မှ ထွက်ရှိသည့် သဘာဝမြေသြဇာများကို အသုံးပြုလျက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားကြသည်။

လိပ်သိုဒေသထွက် သဘာ၀ကော်ဖီမှုန့်စစ်စစ်များ ယမန်နှစ်ကထက် ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် အာရေးဗီးကားနှင့် Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြပြီး ထွက်ရှိလာသောကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချလျက်ရှိရာ  ယမန်နှစ်ကထက် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ငွေကိုမိတ်ဆွေလိုဆက်ဆံပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့နံနက်   ၁၀  နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား လိုင်ချီးသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ နှစ်တို၊ နှစ်ရှည် သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိကြရာ လိုင်ချီးပင်များကိုလည်း စိုက်ပျိုးထားကြပြီး ပေါ်ဦးပေါ်ဖျားလိုင်ချီးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်