ကရင်ပြည်နယ်

လိပ်သိုမြို့တွင် ပျားဖွတ်ရာသီအစ သဘာဝပျားရည်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောကြောင့် သစ်ပင်ကြီးများ အများအပြား ရှင်သန်ပေါက်ရောက်လျက်ရှိရာ ဒေသနေပြည်သူများမှာ ပျားဖွတ်ရာသီအစတွင် သစ်ပင်ကြီးများပေါ်၌ ပျားများအုံဖွဲ့၍ စွဲကပ်လျက်ရှိသော ပျားအုံများမှ သဘာဝပျားရည်များကို ဖွတ်ယူရောင်းချလျက်ရှိနေကြောင်း သိရသည်။ 

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့ မနက်ဖန် စာအုပ်အား ယမန်နေ့နေ့လယ်(၁)နာရီအချိန်က   Community Centre ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက်သဘာဝပျားရည်များ ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ဝယ်လိုအားကောင်းသော်လည်း ယခုနှစ်မေလအတွင်းတွင် သံတောင်ကြီးဒေသထွက် သဘာဝပျားရည်များဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်လှစ်

ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီမှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) မှသင်တန်းသား သင်တန်းသူများ ဘားအံမြို့နယ်အတွင်း လေ့လာရေးခရီးသွားရောက်

ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ရေကြောင်းလူငယ်စခန်း၊ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅ ) ကို ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား အခြေခံစစ်ရေးပြဘာသာရပ် တပ်မတော်သမိုင်းဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရား၊ ရေကြောင်းသွားလာရေးဘာသာရပ်၊နှင့် လှေလှော်ရွက် တိုက်ဘာသာရပ်၊ စသည့်သင်ခန်းစာများအား ဘားအံတက္ကသိုလ်ကျောင်းဝန်းနှင့်စာသင်ခန်း၊ ကန်သာယာကန်တို့၌ စာတွေ့လက်တွေ့သင်ကြားပို့ချ လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိကောင်းသော်လည်း အထွက်နှုန်းကျဆင်း

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်းကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၌(၁၀)နှစ်တာကာလအတွင်း မီးလောင်မှု(၄၃၁)ကြိမ်ဖြစ်ပွားခဲ့ လူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်

ကရင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှု(၄၃၁)ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် (၃၄၁၉ ဒဿမ ၈၆၀) သန်းခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မေလ ၅ ရက်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားမှ သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိကောင်းသော်လည်း အထွက်နှုန်းကျဆင်း

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီးယခုနှစ်တွင် ပေါ်ဦးပေါ်ဖျားရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိသော်လည်း အထွက်နှုန်း ကျဆင်းကြောင်းသိရသည်။
Subscribe to ကရင်ပြည်နယ်