ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအားပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

လိပ်သိုဒေသထွက် သဘာဝအော်ဂဲနစ် ငှက်ပျောသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များကို စိုက်ပျိုးလျက်ရှိကြရာ ငှက်ပျောမျိုးစုံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြပြီး ဒေသထွက် ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဘားအံမြို့၊ ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ ကရင်ပြည်နယ် သံဃာ့နာယကဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်အမှူးထား၍ သံဃာတော် (၅) ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို  ပြည်နယ်/ ခရိုင်/ မြို့နယ်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အလုပ်သမားနေ့အခမ်းအနား ကျင်းပ

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအရေးပါသော အင်အားစုကြီးတစ်ခုဖြစ်သည့် အလုပ်သမားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြု ဂုဏ်ပြုမြှင့်တင်သောအားဖြင့် ၂၀၂၅ ခုနှစ်၊ အလုပ်သမားနေ့ အခမ်းအနားကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မြဝတီမြို့နယ် ၂၀၂၅ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ကျရောက်သည့် (၈၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့၌ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် (၈၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ ယနေ့ နံနက် ၈ နာရီတွင် အ.ထ.က (၁) မြဝတီ အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ကင်ပွန်းချဉ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစု ထိန်းသိမ်းထားလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ချက်ပြုတ်စားသောက်၍လည်းရ၊ ဆေးဖက်လည်းဝင်သည့် ကင်ပွန်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစု ထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ရာသီပေါ်သီးနှံဖြစ်သည့် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခု ဧပြီလနောက်ဆုံးပတ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် ပေါ်ဦးပေါ်ဖျား ဂေါ်ရခါးသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ ကွင်းဆင်း

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မိုးစပါးများစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများဖြစ်သော ဘားအံမြို့နယ် နောင်လုံအနောက်ကျေးရွာ မိသားစုစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ ဝင်းကျန်ကျေးရွာ အောင်သပြေ လယ်ယာနှင့်အထွေ‌ထွေစီးပွားရေးသမဝါယမအသင်းနှင့် အောင်သစ်ဆန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးသည် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း၍ အသင်းအမှုဆောင်များ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သော အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်